8/22/2016

မိန်းကလေးတွေ ချစ်သူရည်းစားကို လွမ်းဆွတ်သတိရတဲ့အခါ ဒီအပြုအမူတွေ ပြုလုပ်တတ်


မိန်းကလေးတွေ အလွမ်းစိတ်ဖြစ်ပေါ်တဲ့အချိန် သူတို့ဘာတွေ စဉ်းစားကြသလဲဆိုပြီး ယောက်ျားလေးတွေ သိချင်စိတ်ဖြစ်ကြပါတယ်။ ဒါပေမယ့် မိန်းကလေးအားလုံးမတူကြတော့ ဒီမေးခွန်းမှာ အဖြေကို တသတ်မတ်တည်း သတ်မှတ်လို့ မရပါဘူး။ အသက်အရွယ်၊ ပညာရေးနဲ့ အလုပ်အကိုင်စတဲ့ တခြားအချက်များစွာတွေက အခန်းကဏ္ဍတစ်ခုမှာ ပါဝင်ပါတယ်။ ယေဘုယျအနေနဲ့ ဆယ်ကျော်သက်မိန်းကလေးတွေ ချစ်သူရည်းစားအပေါ် စိတ်ခံစားမှုအမြဲ ရှိနေတတ်ပါတယ်။ အဲဒီတော့ မိန်းကလေးတွေ ချစ်သူရည်းစားကို သတိရလွမ်းစွတ်တဲ့အခါ ပြုမူလုပ်ဆောင်တတ်တဲ့အရာတွေက…

၁။ ခေါင်းအုံးဖက်နေတတ်

သူမ ခေါင်းအုံးဖက်ပြီး အိပ်ရာပေါ် လူးလှိမ့်နေတတ်ပါတယ်။ တကယ်တော့ အချစ်မှာ အဲဒီအခိုက်အတန့်လေးတွေတောင် သာယာတဲ့အချိန်လေးတွေ ဖြစ်ပါတယ်။

၂။ ရိုမန်တစ် ရုပ်ရှင်ဇာတ်ကားတွေ ကြည့်နေတတ်

တစ်နေ့တာလုံး ရိုမန်တစ် ရုပ်ရှင်ဇာတ်ကားတွေကြည့်ရင်း သူမ အချိန်တွေကုန်ဆုံးစေပါတယ်။ သူမ သင့်ကို ဇာတ်ကားထဲက လူစွမ်းကောင်းနေရာမှာ အစားထိုး မြင်ယောင်နေတတ်ပါတယ်။

၃။ သင့်ဖေ့စ်ဘွတ်ခ် ပရိုဖိုင်းကို ဝင်ဝင်ကြည့်တတ်

ဟုတ်ပါတယ်။ သူမ သင့်ပရိုဖိုင်ဓာတ်ပုံကို အချိန်ကြာမြင့်စွာ ငေးစိုက်ကြည့်နေတတ်ပြီး update တင်ထားတာတွေ ရှိမရှိ သိရအောင် သင့်ပရိုဖိုင်ကိုလည်း အကြိမ်ကြိမ်စစ်ဆေး နေတတ်ပါတယ်။

၎။ သူမ သင့်အကြောင်း နေရာတကာပြောဆို

သင့်ကောင်းကြောင်းတွေ လူတိုင်းကို ပြောပြပါတယ်။ သမီးရည်းဆက်ဆံရေးအထူးတိုးတက်ကောင်းမွန်နေပါက သူမ သူငယ်ချင်းအပေါင်းအသင်းတွေကို နောက်ဆုံးအခြေအနေတွေ အသိပေးနေပါလိမ့်မယ်။

၅။ တစ်နေကုန် သင့်အကြောင်းတွေးပြီး အချိန်တွေ ကုန်ဆုံးစေ

တစ်နေ့တာလုံး သင့်အကြောင်းတွေ ကြိုတွေးပြီး သူဘာတွေ လုပ်နေမလဲ အတွေးပွားလျက် ရှိနေတတ်ပါတယ်။

၆။ အရင်က ပေးပို့တဲ့မေ့ဆေ့ခ်ျဟောင်းတွေ ပြန်ဖတ်နေတတ်တာ

အရင်က ပေးပို့ခဲ့တဲ့ မတ်ဆေ့ခ်ျအဟောင်းတွေ သူမ ပြန်ဖတ်နေတတ်ပါတယ်။ ဒီတော့ အရင်က ကြွေခဲ့သမျှ အကြင်နာစကားလုံးတွေ ဒီလိုအခြေအနေမျိုးမှာ တကယ်အသုံးတည့်ပါတယ်။

၇။ အနာဂတ်ကို စိတ်ကူးယဉ်အိပ်မက်မက်

နောက်တစ်ဆင့်တက်ပြီး သင့်နဲ့အတူ လှပတဲ့အနာဂတ်အကြောင်း စိတ်ကူးယဉ်အိမ်မက်မက်နေတတ်ပါတယ်။ အိမ်ထောင်ရေးနဲ့ ကလေးတွေကြောင်းလည်း သူမစဉ်းစားနေတတ်ပါတယ်။

Credit : Trend Myanmar