ရထားတစ်စင်းပေါ် လိုက်ပါလာတဲ့ ခရီးသည်အမျိုးသားတစ်ဦးဟာ လန်ဒန်မြို့ ဘူတာရုံတစ်ခုအရောက် ပြတင်းအပြင်ကို ခေါင်းထွက်မိခဲ့လို့ သေဆုံးသွားခဲ့ကြောင်း သိရပါတယ်။
လူမှုကွန်ယက်နဲ့ မီဒီယာအချို့ကတော့ အဆိုပါအမျိုးသားဟာ ခေါင်းပြတ်ပြီး သေဆုံးသွားရတာ ဖြစ်တယ်လို့ ရေးသားဖော်ပြကြထားကြပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေဘက်ကတော့ သေဆုံးသူဟာ ဦးခေါင်းပြတ်သွားတယ်ဆိုတဲ့ သတင်းကို အတည်မပြုပေးထားပါဘူး။ ဒီသေဆုံးမှုနဲ့ ပတ်သတ်ပြီး စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေဆဲ ဖြစ်တယ်လို့ဆိုပြီး အဆိုပါအမျိုးသားဟာ အကြောင်းတစ်ခုခုကြောင့် ပြတင်းပေါက်အပြင်ကို ခေါင်းထွက်လိုက်တဲ့အချိန်မှာ ဒီလိုဖြစ်ခဲ့တာလို့ ယူဆရကြောင်း ရဲအရာရှီတွေက ပြောပါတယ်။
သေဆုံးသူအမျိုသားဟာ အသက် ၂၀ ခန့်ရှိပြီဖြစ်တယ်လို့ ဆိုပါတယ်။ " တစ်ဖက်က ရထားလာနေတာကို သတိမထားမိလိုက်ဘူးထင်ပါတယ်။ အဲဒီမှာ သူ့ရဲ့ခေါင်းအပြင်ထွက်လာတဲ့အချိန် ရထားလာတဲ့အချိန်နဲ့ ချိန်သားကိုက် ဖြစ်သွားတာပါပဲ။ ကျွန်မမြင်လိုက်တာကတော့ ခေါင်းလွင့်ထွက်သွားတာကိုပါပဲ" လို့ အခင်းဖြစ်ပွားချိန် ဘူတာရုံမှာ ရှိနေခဲ့တဲ့ မျက်မြင်သက်သေတစ်ဦးဖြစ်သူ ရီဟားနားက ပြောပါတယ်။
Credit: duwun