သင့်မှာ ရင်သွေးဘယ်နှစ်ယောက်ရှိပါသလဲ။ ခုလိုမေးရခြင်းက ကလေးများများ မွေးထားတဲ့ မိခင်တွေဟာ ငယ်ရွယ်နုပျိုကြတယ်လို့ ဆိုထားလို့ပါ။ အသက်ရှည်ချင်ရင် ရင်သွေးများများယူဖို့တောင် တိုက်တွန်းထားတဲ့အထိ လေ့လာမှုတွေမှာ ဘာတွေ့ရသဲဆိုရင် အမျိုးသမီးတစ်ယောက်အတွက် ကလေးအများကြီး မွေးဖွားခြင်းက ခန္ဓာကိုယ် အိုမင်းရင့်ရော်မှုနှုန်းအပေါ် အကျိုး သက်ရောက်စေ တယ်လို့ သိရပါတယ်။
ရင်သွေးများများယူထားတဲ့ အမျိုးသမီးတွေဆီမှာ အရွယ်ကြီးရင့်နေမှုကို ထိန်းသိမ်ပေးတဲ့ telomeres သက်တမ်း ပိုမို ကြာရှည်ခံတာ တွေ့ရပါတယ်။ Telomeres က ဆဲလ်နဲ့ တထပ်တည်း တူညီမှု ရှိပြီး အသက်ရှည်ခြင်းနဲ့ ဆက်နွယ်မှုရှိနေပါတယ်။ ဒီလ့လာမှုက အမျိုးသမီး ၇၅ ယောက် မွေးဖွားတဲ့ ကလေး အရေအတွက်နဲ့ သူတို့ရဲ့ telomere အသေးစိတ်ကို စစ်ဆေးခဲ့ပါတယ်။
စမ်းသပ်ခံသူများရဲ့ telomere အသေးစိတ်အချက်အလက်ကို တံတွေးနာမူနာနဲ့ DNA တိုင်းတာဖို့ ခံတွင်းမှ ဆဲလ်များယူထုတ်ပေးသော ဂွမ်းစနဲ့ ၁၃ နှစ်ခြား နှစ်ခါ တိုင်းတာခဲ့ပါတယ်။ အဆိုပါ ရှာဖွေတွေ့ရှိချက်က ရင်သွေးများများ ပိုမွေးဖွားခြင်းက ခန္ဓာကိုယ် အိုမင်းရင့်ရော်မှု အရှိန်အဟုန် လျင်မြန်စေတယ်လို့ ခန့်မှန်းထားတဲ့ ယခင်သီအိုရီကို ဆန့်ကျင်လျက်ရှိတယ်လို့ Simon Fraser University မှ ကျန်းမာရေးသိပ္ပံပညာရပ် ပါမောက္ခ Pablo Nepomnaschy က ပြောဆိုခဲ့ပါတယ်။
ကလေးပိုများတဲ့ စမ်းသပ်ခံသူတွေမှာ တွေ့ရသော telomere အိုမင်းမှုနှုန်း နှေးကွေးခြင်းက ကိုယ်ဝန်ဆောင်နေစဉ်အတွင်း ထွက်တဲ့ ဟော်မုန်းတစ်ခုဖြစ်တဲ့ estrogen ကို သိသာထင်စွာ တိုးတက်မှု မြင့်တက်မှု ဖြစ်စေနိုင်ပါတယ်။ Estrogen က ဆဲလ်တွေကို telomere သက်တမ်းတိုတောင်းမှု မဖြစ်အောင် ဆန့်ကျင်ကာကွယ်ပေးတဲ့ အင်တီအောက်ဆီဒင်းအဖြစ် အလုပ်လုပ်ပါတယ်။
Credit :Trend Myanmar