သင်တို့ ချစ်ခင်စဇနီးမောင်နှံအသစ်စက်စက်ရဲ့ မင်္ဂလာပွဲပြီး ဟန်းနီးမွန်းကို အရင်အချိန်တွေကတည်းက ကြိုတင်ပြီး စဉ်းစားပုံဖော်ကြမှာပေါ့။ ဘယ်ကို သွားပြီး ဘာတွေလုပ်ကြမယ်။ ဘယ်လိုသာယာကြည်နူးဖို့ကောင်းတဲ့ ခရီး စဉ်နဲ့ ပျော်ရွှင်စိတ်လှုပ်ရှားစရာ မင်္ဂလာဦးညကို ဖြတ်သန်းကြလိမ့်မလဲဆို တာ စဉ်းစားမိကြမှာပါ။
ဒါပေမဲ့ ဗြိတိန်က မင်္ဂလာဦးဇနီးမောင်နှံနှစ်ဦးရဲ့ မင်္ဂလာဦးညကတော့အကျဉ်း ထောင်ထဲမှာပဲ ကုန်ဆုံးသွားခဲ့ရပါတယ်။ သတို့သမီး၊ သတို့သားဝတ်စုံအ တိုင်း ထောင်ထဲမှာ ကုန်ဆုံးခဲ့ရတဲ့ ဖြစ်ရပ်က တကယ့်ကိုရင်နာဖို့ကောင်းပါ တယ်။
အသက် ၃၀ နှစ်ရှိ ကလေးသုံးယောက်အမေ သတို့သမီး ကရစ်စလီ ဘင်ဂ လန်နဲ့အသက် ၂၅ အရွယ် သတို့သား နစ်တို့က မန်ချက်စတာမြို့တော်ရှိ ဟယ်လင်တန် ဟိုတယ်တွင် မင်္ဂလာဆောင်ပြီးကြပြီး ယင်းဟိုတယ်မှာပဲ အ ခန်းခပေးဆောင်ထားခြင်းမရှိဘဲ ဟိုတယ်အခန်းရလိုမှုကြောင့် ၀န်ထမ်းတွေ ကို ကိုယ်ထိလက်ရောက် ရန်မူတိုက်ခိုက်မှုကြောင့် သက်ဆိုင်ရာ သူတို့နှစ်ဦး စလုံးကို ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်းပဲဖြစ်ပါတယ်။
မင်္ဂလာဆောင်ဆောင်ပြီးချင်းမှာ ဟိုတယ်အခန်း အတင်းတောင်းယူခဲ့ကြတာ ကို ၀န်ထမ်းတွေက ငွေပေးချေမှသာ ပေးအပ်နိုင်မယ်လို့ တုန့်ပြန်တာကို မကျေနပ်လို့ ဟိုတယ်အတွင်းမှာ နှစ်ယောက်လုံးအော်ဟစ်သောင်းကျန်းကြ ကာ ပစ္စည်းတွေကိုလည်း ဖျက်ဆီးဖောက်ခွဲပစ်ခဲ့ကြတယ်လို့ သိရပါတယ်။
ဒါကြောင့် ဟိုတယ်တာဝန်ရှိသူတွေကလည်း သက်ဆိုင်ရာသို့ချက်ချင်းဆက် သွယ်ခဲ့ကာ ဖမ်းဆီးခိုင်းခဲ့တဲ့အတွက် ထိုညမှာပဲ နှစ်ဦးစလုံးအချုပ်ကျသွား တာဖြစ်ပါတယ်။
ဖိုးသူတော် Team မှ ဘာသာပြန်သည်။
