ဝါရှင်တန် တက္ကသိုလ်ရဲ့ လေ့လာမှုတစ်ခုအရ အမြွှာများက ပုံမှန်လူများထက် အသက်ပိုရှည်ပါတယ်တဲ့။ အကြောင်းကတော့ အမြွှာတွေမှာ မျိုးရိုးဗီဇထူးခြားချက်အပြင် မွေးရာပါကောင်းကျိုး တစ်ခုရှိနေလို့ဖြစ်ပါတယ်။
ကလေးဘဝမှာ တစ်ကိုယ်တည်း အထီးကျန်နေရခြင်းက အသက်တိုရခြင်းအကြောင်းရင်းတွေထဲမှာ ပါတဲ့အတွက် မွေးကတည်းက အဖော်နဲ့ မွေးဖွားလာတဲ့အမြွှာတွေမှာ ထူးခြားစွာပဲ လုံခြုံနွေးထွေးမှုကို ခံစားရတဲ့စိတ်ကြောင့် အသက်ရှည်ခြင်းကို အထောက်အကူဖြစ်စေတာ ဖြစ်ပါတယ်။ သုတေသီတွေက Danish Twin Registry မှာမှတ်ပုံတင်ထားတဲ့ အမြွှာညီအမ၊ ညီအကို အတွဲ ၃၀၀၀ ရဲ့အချက်အလက်တွေကို လေ့လာခဲ့ကြပါတယ်။
သုတေသနလုပ်တဲ့အခါမှာ အမြွှာတွေရဲ့ ဘဝတစ်လျှောက်လုံးကို ဆန်းစစ်နိုင်ဖို့အတွက် ၁၈၇၀နဲ့ ၁၉၀၀ ခုနှစ်ကြားမွေးဖွားခဲ့တဲ့ အမြွှာတွေကို လေ့လာခဲ့ကြပြီး ၁၀ နှစ်အောက်သေဆုံးခဲ့တဲ့ အမြွှာတွေကို စာရင်းမှ ဖယ်ထားခဲ့ပါတယ်။
ဒန်းနစ်မြို့လူဦးရေရဲ့ ပျမ်းမျှသေဆုံးနှုန်းနဲ့ အမြွှာတွေရဲ့ သေဆုံးနှုန်းတွေကို နှိုင်းယှဉ်ကြည့်တဲ့အခါမှာ အမြွှာတွေရဲ့ သေဆုံးနှုန်းက အရမ်းနည်းတာကို တွေ့ရှိခဲ့ရပါတယ်။ အထူးသဖြင့် ထပ်တူညီတဲ့ အမြွှာတွေက ပိုပြီးအသက်ရှည်ကြတာကို တွေ့ရပါတယ်။
ပုံမှန်လူတွေထက် အမြွှာတွေက ပိုအသက်ရှည်ပြီး သူတို့ထက် အချင်းတူအမြွှာတွေက ပိုပြီးအသက်ရှည်တာကို တွေ့ရှိခဲ့ပါတယ်လို့ သုတေသနအဖွဲ့ခေါင်းဆောင် စာရေးဆရာ David Sharrow က ဆိုထားပါတယ်။
Credit :Trend Myanmar