တချို့သူတွေဟာ မနက်အိပ်ရာထပြီးပြီးချင်း ရေမိုးချိုးတတ်ကြပါတယ်။ တခြားသူတွေကျတော့ ကော်ဖီတန်းသောက်ကြပါတယ်။ ဒါပေမယ့် ဟားဗက်စိတ်ပညာရှင်တစ်ဦး အဆိုအရ ဘယ်သူမဆို မနက်ခင်းအိပ်ရာနိုးတိုင်း အရင်ဦးဆုံးလုပ်သင့်တဲ့ အရာက ခြေလက်တွေ ဆန့်တန်းရမယ်လို့ သိရပါတယ်။ ဒါပေမယ့် ဆန့်တန်းရုံလေးတော့ မဟုတ်ပါဘူး။ အိပ်ရာထဲကနေ မထွက်ခင်မှာတောင် လက်မောင်းနဲ့ ခြေထောက်တွေ ဆန့်ပြီး ခန္ဓာကိုယ်ကို တတ်နိုင်သလောက် ကြီးအောင် လုပ်ဖို့ပါ။
ဒီရဲ့ နောက်ကွယ်က အိုင်ဒီယာဟာ တတ်နိုင်သမျှ ကိုယ့်ကိုယ်ကို အလွန်အရေးပါသူဖြစ်အောင် ပြုလုပ်ခြင်း ဖြစ်ပါတယ်။ ဒါက မိမိကိုယ်မိမိ ယုံကြည်မှု အားပေးမြင့်တင်ပေးနိုင်တဲ့ ကိုယ်ဟန်အနေအထားတစ်ခု ပုံသွင်းနေတာ ဖြစ်ပါတယ်။
အင်အားကြီးသြဇာပိုရှိနေသလို ဟန်ဆောင်တဲ့အခါ တကယ် အားအင်ပိုကြီးသလို ခံစားနိုင်ခြေ ပိုများတယ်လို့ ဟားဗက်သုတေသီ Amy Cuddy က Business Insider ဗွီဒီယိုက အဆိုကို ကိုးကားပြောဆိုခဲ့ပါတယ်။
မနက်ခင်း မိမိကိုယ်ကိုယ် သက်တောင့်သက်သာဖြစ်အောင်ပြုလုပ်တာက ဟော်မုန်းတွေ ညီမျှစေပြီး တစ်နေ့တာလုံး မိမိကိုယ်မိမိ ယုံကြည်မှု၊ တက်ကြွမှုရစေပြီး စိန်ခေါ်မှုတွေ ရင်ဆိုင်ဖြေရှင်းဖို့ အဆင်သင့်ဖြစ်စေပါတယ်။
Credit :Trend Myanmar