8/25/2016

သင်စိတ်ဓာတ်တွေကျနေသလားဆိုတာ ဒီ အချက်ကလေးတွေက အဖြေပေးနိုင်



စိတ်ဓာတ်ကျတဲ့အခါ ဘာမှမလုပ်ချင်၊ မကိုင်ချင်တော့ပဲ ၀မ်းနည်းမှုတွေ ခံစားနေရပြီး မျှော်လင့်ချက်မဲ့နေသလိုမျိုးလို့ သင် သိရှိခဲ့ဖူးပါလိမ့်မယ်။ ဒါပေမယ့် တစ်ခါတစ်လေ သင်ရုတ်တရက် အစားတွေအများကြီး စားချင်နေတာမျိုး၊ ရုတ်တရက်ကြီး သွက်သွက်လက်လက်ဖြစ်သွားပြီမှ ပြန်ငြိမ်သွားတာမျိုးတွေကျတော့ရော။ စိတ်ဓာတ်ကျတဲ့အခါ သင်ဘယ်လိုမှ မထင်မှတ်ထားတဲ့ အပြုအမူတွေ၊ ခံစားချက်တွေ ဖြစ်ပေါ်လာတတ်ပါတယ်။ သင်ခု စိတ်ဓာတ်ကျနေသလားဆိုတာ သိစေဖို့ ဒီအချက်ကလေးတွေနဲ့ အတည်ပြုကြည့်လိုက်ပါ။

၁။ ဗိုက်အောင့်တာတွေ၊ နာကျင်တာတွေ ခံစားလာရလိမ့်မယ်။

လေ့လာတွေ့ရှိချက်တွေအရ စိတ်ဓာတ်ကျနေသူတွေထဲက ၇၅ရာခိုင်နှုန်းဟာ ရုတ်တရက် နာကျင်မှုဝေဒနာတွေကို ခံစားကြရပါတယ်။ နောက်ကျောတက်တာ၊ ဗိုက်အောင့်တာ၊ ခေါင်းကိုက်တာ စတာတွေက စိတ်ဓာတ်ကျတဲ့အခါ ခံစားရလေ့ရှိတဲ့ ဆက်စပ်ဝေဒနာတွေလို့ သိရပါတယ်။

၂။ အစားတွေ ပိုစားမိတတ်ကြပါတယ်။

စိတ်ညစ်တဲ့အခါ စိတ်ဖိစီးတဲ့အခါ အစားနဲ့ ဒါတွေကို လျှော့ချကြတယ်ဆိုပြီး အားလုံးက ဟာသတစ်ခုလို ပြောတတ်ကြပါတယ်။ တကယ်တော့ အစားကို မဆင်မခြင် စွတ်စားမိနေတာ စိတ်ဓာတ်ကျတာနဲ့လည်း သက်ဆိုင်မှုရှိနေပါတယ်။ ဒါ့ကြောင့် စိတ်ဓာတ်ကျလို့ စွတ်စားတဲ့အခါ ခန္ဓာကိုယ်အလေးချိန် တက်သွားတဲ့သူတွေလည်း မနည်းပါဘူး။

၃။ ဒေါသထွက်လွယ်မယ်။

ထစ်ခနဲရှိ ဒေါသတွေဖြစ်လွယ်နေတာ စိတ်ဓာတ်ကျနေလို့ပါပဲ။ ဒါကလည်း လေ့လာမှုအရ JAMA Psychiatry ဂျာနယ်မှာ ဖော်ပြထားတဲ့ အချက်အလက်တွေအရ သိရတာပါ။ ကိုယ်တိုင် စိတ်ဓာတ်ကျနေတဲ့သူတစ်ယောက်ဟာ သူနဲ့ပတ်သက်နေတဲ့ အရာတွေကို အကောင်းမြင်တတ်တာရှားသလို ဒေါသလည်း ထွက်လွယ်လာပါတယ်။

၎။ ဘာဆိုဘာမှ မခံစားမိတော့ဘူး။

စိတ်ဓာတ်ကျနေတဲ့သူဟာ သူ နေ့စဉ်လုပ်နေကျ ပုံမှန်လုံပ်ရိုးလုပ်စဉ်တွေကို လုပ်ကိုင်ဖို့ စိတ်မပါတော့သလို သူ့မှာ ခံစားချက်ဆိုတာ မရှိတော့သလိုကို ဖြစ်နေပါတော့တယ်။ တခြားလူတွေ ပြောနေတဲ့ စကားတွေကိုလည်း သူကြားချင်မှ ကြားပါလိမ့်မယ်။ အလုပ်ထဲမှာလည်း ဘယ်လိုမှ စိတ်ပါမှာ မဟုတ်ပါဘူး။

၅။ ညဘက်တွေ အရက် ဒါမှမဟုတ် မူးတဲ့အရာတစ်ခုခုကို အမြဲသောက်ဖြစ်လာတယ်။

စိတ်ဓာတ်ကျတဲ့သူတွေ အများဆုံးလုပ်လေ့ရှိတဲ့အရာက အရက်ကို သောက်နေကျထက် ပိုပြီး ညတိုင်းနီးပါး သောက်လာတာမျိုးပါ။ အရင်က သူငယ်ချင်းတွေ စုံမှ သောက်ဖြစ်ရာကနေ ညနေတိုင်း ပုံမှန်ကစ်လာတာကို ပြောတာပါ။ ဒါ သတိထားရမယ့် အချက်ဖြစ်ပါတယ်။

၆။ဖေ့စ်ဘွတ်ခ်ကို တစ်ချိန်လုံး သုံးဖြစ်လာမယ်။

ဖေ့စ်ဘွတ်ခ်တွေ အချိန်တိုင်း သုံးနေမယ်၊ လောင်းကစာတစ်ခုခုလုပ်မယ်၊ ဈေးဝယ်ထွက်မယ်၊ စတာတွေကို ဆက်တိုက်လုပ်ချင်နေပါလိမ့်မယ်။ အထူးသဖြင့် ဆိုရှယ်မီဒီယာကို စွဲငြိသလိုကို တစ်ချိန်လုံး သုံးနေတာမျိုးပါ။ ဒါကို သုံးခြင်းအားဖြင့် သူတို့စိတ်ဓာတ်ကျနေတာကို ပြေပျောက်စေတယ်လို့ ထင်နေပါလိမ့်မယ်။

Credit :Trend Myanmar