အဆိုတော် ဆန်းသစ်လကတော့ ချစ်သူရှိနေပြီလို့ ဖွင့်ပြောလိုက်ပါတယ်။ ချစ်သူကလည်း အနုပညာလောကထဲက မဟုတ်သလို ဒီအရွယ်မှ ပထမဆုံးချစ်သူထားဖူးတာလို့လည်း သူမက ဆိုပါတယ်။ ချစ်သူသက်တမ်းကတော့ လေးလထဲရောက်နေပြီ ဖြစ်ပြီး လက်ထပ်ဖို့အထိ ရည်ရွယ်ထားသူ တစ်ယောက်လည်း ဖြစ်တယ်လို့ သိရပါတယ်။
ချစ်သူနဲ့ပတ်သက်ပြီး အမှတ်တရတွေ အများကြီးရှိသလို ကိုရီယားကားထဲကလို Romantic ဆန်တယ်လို့လည်း သူမကဆို ပါတယ်။
လက်ရှိမှာတော့ မိုးတွင်းလည်း ဖြစ်တာကြောင့် ရှိုးပွဲတွေ သိပ်မရှိပေမဲ့လည်း ကုမ္ပဏီပွဲတွေ မှာ သီချင်းဆိုတာတွေတော့ ရှိတယ်လို့ သိရပါတယ်။
Source : 8days Journal
Photo : ဆန်းသစ်လ ဖေ့စ်ဘွတ်
Credit :duwun