ချစ်သူသမီးရည်းစားတွေ စိတ်ဆိုးစိတ်ကောက်လို့ စကားအချေအတင်တွေ များပြီးတောင်းပန်ကြတဲ့ အခါမျိုးမှာ ပြောလေ့ရှိတဲ့ ဒူးထောက်ပြီးတောင်းပန် ရင် မင်းကျေနပ်ပေးမှာလားတဲ့။ နင် လူအလည်ရှေ့မှာ ငါ့ကို ဒူးထောက်ပြီး တောင်းပန်ရင်တောင် နင့်အပြစ်ကို ငါမကျေနပ်ပေးနိုင်ဘူးတဲ့လေ။ ဒီလိုစ ကားလုံးတွေမျိုး ပါးစပ်ကရံဖန်ရံခါ ထွက်လာကြမှာပါ။
အခုတော့ ဒီစကားအတိုင်း ကောင်မလေးရဲ့ ခြေသလုံးကို အတင်းအကျပ် ဆွဲဖက်ကာ ငိုယိုဒူးထောက်တောင်းပန်တဲ့ ကောင်လေးတစ်ယောက်ရဲ့ ဓာတ် ပုံ တွေက တရုတ်ဆိုရှယ်ဝက်ဘ်ဆိုက် တော်တော်များများမှာ ပေါ်ပြူလာအ ဖြစ် ဆုံးနေရာမှာရှိနေပါတယ်။
ရှန်ဟိုင်းမြို့တော်ရဲ့ ကွမ်တာကွန်ပျူတာစက်ရုံ အရှေ့မျက်နှာစာမှာ ဘေး ပတ်ဝန်းကျင်က လူတွေရဲ့အကြည့်ကိုလည်း ဂရုမစိုက်နိုင်တော့ဘဲ ချစ်သူ မိန်းကလေးစိတ်ကျေနပ်အောင်သာ အတင်းအော်ဟစ်ငိုယိုတောင်းပန်နေ တဲ့ကောင်လေးတစ်ယောက်ပါ။ ဘေးအနားမှာလည်း ပန်းစည်းတစ်စီးပစ် ထားတာကို တွေ့ရတယ်။
လူအများစိတ်ဝင်တစားကြည့်ရှုနေတဲ့ ဒီမြင်ကွင်းမှာဒူးထောက်တောင်းပန်တဲ့ အနေအထားမှာ ကောင်မလေးကအတင်းရုန်းတဲ့အတွက် ခြေသလုံးကိုဖက် တွယ်ငိုယိုနေတဲ့သူ့ကို ပတ်ဝန်းကျင်ကလူတွေက အဘယ့်အတွက်ကြောင့် ဒီလိုလုပ်ရတာလဲ။ သူ့ရဲ့အရှက်သိက္ခာကို
မငဲ့တွက်ပဲ ဒီလိုတောင်းပန်ဖို့ ထိုက်တန်လို့လားနဲ့ ဘာ့ကြောင့်ဒီလိုဖြစ်ရသလဲဆိုတာမျိုးကိုထင်ကြေးပေး ပြောနေကြပါတယ်။
Credit: ဖိုးသူတော်
ဖိုးသူတော် Team မှ ဘာသာပြန်သည်။
