ဥာဏ်ရည်ထက်မြက်တဲ့ အမျိုးသားတွေဟာ မိမိ အိမ်ထောင်ဖက် တွေအပေါ် သစ္စာစောင့်ထိန်းမှု ပိုမိုရှိတတ်ကြတယ်လို့ သုတေသန ပြုချက်အသစ်ရလာဒ်တွေအရ သိရပါတယ်။
ဒီအချက်က အမျိုး သားတိုင်းလိုလိုမှာ မမှန်တတ်ပေမယ့် အသိဥာဏ်မြင့်မားတဲ့ အမျိုး သား တော်တော်များများမှာတော့ သူတို့တွေရဲ့ အကျင့်စာရိတ္တ ကိုယ်ကျင့်တရားစောင့်ထိန်းမှုပိုင်းမှာ ပိုပြီးတော့ အားကောင်းတာကိုတွေ့ ရပါတယ်။
လန်ဒန်မြို့တော် စီးပွားရေးနဲ့ နိုင်ငံတကာသိပ္ပံကျောင်းတစ်ခုရဲ့ သုတေသနပြုလေ့လာချက်တွေအရ လိမ်လည်တတ်တဲ့အမျိုးသား အများစုက ဥာဏ်ရည်နိမ့်ပါးသူတွေဖြစ်ကြပြီးတော့ အသိဥာဏ် ထက်မြက်တဲ့ အမျိုးသားတွေကတော့ လိမ်လည်လှည့်ဖျားဖို့ စိတ် မဝင်စားတတ်ကြဘူးဆိုတာကို တွေ့ရှိခဲ့ရပါတယ်။
ဒီလေ့လာစစ်ဆေးချက် သုတေသနပြုချက်တွေကိုအခြေခံကာ တခြား လူမှုဘဝတွေအခြေခံပြီး စစ်ဆေးချက်တွေမှာတော့ အမျိုး သမီးတွေနဲ့ ပတ်သက်ပြီး ဥာဏ်ရည်မြင့်မားတဲ့အမျိုးသမီးတွေက တခြားအမျိုးသမီးတွေထက် ပိုမိုသစ္စာစောင့်ထိန်းကြတယ်ဆိုတဲ့ အချက်အလက်တွေကိုတော့ မတွေ့ရှိခဲ့ရဘူးလို့ သိရပါတယ်။
အမေရိကန်ပြည်ထောင်စုမှာရှိတဲ့ သုတေသနပြုလုပ်တဲ့ အဖွဲ့အစည်းနှစ်ဖွဲ့ကလည်း စစ်ဆေးချက်သုတေသနပြုလုပ်ခြင်း အတွက် ဆယ်ကျော်သက်တွေနဲ့ သက်လတ်ပိုင်း၊ သက်ကြီးပိုင်း လူထောင်ပေါင်းများစွာရဲ့ ဥာဏ်ရည်စစ်ဆေးမှုတွေကို ပြုလုပ်ခဲ့ ကြပါတယ်။
သူတို့တွေရဲ့ တွေ့ရှိချက်ထဲမှာလည်း ဥာဏ်ရည်မြင့် မားတဲ့ အမျိုးသားတွေက ဥာဏ်ရည်နိမ့်တဲ့ အမျိုးသားတွေထက် မိမိအိမ်ထောင်ဖက်အပေါ် ပိုပြီးတော့ သစ္စာစောင့်ထိန်းမှုရှိတတ်ကြ တာကို တွေ့ရှိခဲ့ရပါတယ်။
Credit: ဖိုးသူတော် (www.phothutaw.com)
ဖိုးသူတော် Team မှ ဘာသာပြန်သည်။