ညအိပ်မပျော်တဲ့အခါမှာ တီဗီထိုင်ကြည့်၊ ဖုန်းထ ပွတ်တာမျိုးက လုံးဝမလုပ်သင့်တဲ့ အရာတွေ ဖြစ်ပါတယ်။ ဒီလို ညသန်ခေါင်း တစ်ရေးနိုးလို့ ပြန်အိပ်မပျော်နိုင်ဖြစ်မှုတွေက လူတိုင်းကြုံတွေ့ရတဲ့ ပြသနာတစ်ခုဖြစ်ပါတယ်။ ဒါကြောင့် အမြန်ဆုံးပြန်အိပ်ပျော်စေနိုင်တဲ့ အချက်တချို့ကို တင်ပြပေးလိုက်ပါတယ်။
အိပ်ရာကနေ ထပါ
ဒါက ကိုယ်သိထားတာနဲ့ ဆန့်ကျင်ဘက် ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အိပ်ရာကနေထ၊ တခြားအခန်းတစ်ခုခုသို့ သွားပြီး အဲဒီမှာ မိနစ် ၂၀ စိတ်ပြေလက်ပျောက်နေပါ။ ဘေးပတ်ဝန်းကျင်ကို ကြည့်၊ ဆိုဖာပေါ်ထိုင် ဒါမှမဟုတ် မဂ္ဂဇင်းတစ်ခုခုဖတ်ပါ။ မိမိဘေးပတ်ဝန်းကျင်ကို အာရုံစူးစိုက်ပါ။ အိပ်မပျော်တာကို တွေးမနေပါနဲ့။ အိပ်ချင်လာပါလိမ့်မယ်။
စာဖတ်ပါ
မီးမှိန်မှိန်လေးထားပြီး စာဖတ်ကြည့်ပါ။ အရင်ဖတ်ဖူးပြီး သားစာအုပ်တစ်ခုခုကောက်ယူပြီး လှန်လှောကြည့်ပါ။ မျက်စိညောင်းပြီး ပြန်အိပ်ချင်လာပါလိမ့်မယ်။
အလင်းရောင်
အခန်းထဲ အလင်းရောင် သိပ်မများစေဖို့ သေချာဂရုစိုက်ပါ။ တောက်တဲ့ အလင်းရောင်က လန်းဆန်းမှုဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် ပြန်အိပ်ပျော်နိုင်အောင် အလင်းအမှောင်ကို သေချာဂရုစိုက်ပါ။
စိတ်ပြေလက်ပျောက်နေပါ
တရားထိုင်၊ ယောဂကျင့်ဖူးပါက ဒီချိန်ဟာ အသုံးချဖို့ အချိန်ကောင်းပါပဲ။ အသက်ပြင်းပြင်းရှူရတဲ့ လေ့ကျင့်ခန်းတချို့ ပြုလုပ်ပြီး စိတ်ငြိမ်အောင်ထားပါ။
နာရီမကြည့်ပါနဲ့
နာရီကို စိုက်ကြည့်နေခြင်းက အိပ်မပျော်လို့ စိတ်တိုစေရုံမက နာရီက အလင်းကြောင့် မျက်စိတွေ လန်းဆန်းသွားစေနိုင်ပါတယ်။
အသံဖိုင်တစ်ခုခုနားထောင်ပါ
နားကြပ်ထိုးပြီး နားထောင်ရုံပဲ နားထောင်ပါ။ တစ်စုံတစ်ဦးကနေ အိပ်ရာဝင်ပုံပင် ဖတ်ပြနေတာမျိုးပဲ ဖြစ်ဖြစ်ပေါ့။ ဒါပေမယ့် အရမ်းသည်းထိပ်ရင်ဖိုဖြစ်ရတာတွေ နားမထောင်ပါနဲ့။
Credit :Trend Myanmar