ရပ်ကွက်ထဲ တခြားကလေးတွေ အပျိုပေါက် လူပျိုပေါက်တွေဖြစ်လာကြပေမယ့် ရွယ်တူသင့်ကလေးတွေမှာ ဘာအရိပ်အယောင်မှ မတွေ့တဲ့အခါ စိုးရိမ်ကြတာ သဘာဝဖြစ်ပါတယ်။ အမျိုးသားတွေမှာ အရပ်ရှည်ထွက်ပြီး အသံသြလာကြပါတယ်။ အမျိုးသမီးတွေမှာတော့ ပျိုဖော်ဝင်စမှာ လစဉ်ဓမ္မတာ စတင်ပါတယ်။
ကလေးတချို့မှာ အပျိုဖော်ဝင်ချိန် အချိန်စောပေမယ့် တချို့မှာ အနည်းငယ် နှောင့်နှေးနိုင်ပါတယ်။ မိဘတွေအနေနဲ့ ဒီအဆင့်မှာ ထိတ်လန့်စရာ မလိုသေးပါဘူး။ အမှန်တော့ ဘေးကတခြားလူတွေ အရပ်အမောင်း ကြီးထွားမှုနှုန်း အရမ်းမြန်းနေတဲ့အခါ စိတ်ဓာတ်ကျ သိမ်ငယ်တဲ့ မိမိကလေးကို အားပေးဖို့သာ ပိုအရေးကြီးပါတယ်။ ဆရာဝန်ဆီသွားပြလို့တော့ ရပေမယ့် အပျိုဖော်ဝင်ချိန်နှောင့်နှေးရခြင်း အခြေခံအချက်တချို့ သိထားတာ ပိုကောင်းပါတယ်။
၁။ နှောင့်နှေးတဲ့ အပျိုဖော်ဝင်ချိန်နောက်ကွယ်က အကြောင်းအရင်းက မျိုးရိုးဗီဇကြောင့်လည်း ဖြစ်နိုင်ပါတယ်။ သင်အပျိုဖော်ဝင်ချိန်နောက်ကျပါက သင့်ကလေးတွေမှာလည်း ဖြစ်နိုင်ခြေပိုများပါတယ်။
၂။ ယေဘုယျအနေနဲ့ အမျိုးသားတွေ အပျိုဖော်ဝင်ချိန်နောက်ကျမှ စပေမယ့် ၉နှစ်အရွယ်ကစတင်ပြီး ၁၅ နှစ်အရွယ်မှာ အဆုံးသတ်တယ်လို့ ယေဘူယျ ယုံကြည်ထားပါတယ်။
၃။ အဝလွန်မှုက အပျိုဖော်ဝင်ချိန်နောက်ကျခြင်း အကြောင်းအရင်းဖြစ်နိုင်ပါတယ်။ သင့်ကလေး အဝလွန်ပြီလို့ ယူဆပါက ကိုယ်အလေးချိန်လျှော့ချဖို့ လိုအပ်တဲ့ဆောင်ရွက်စရာတွေ လုပ်ဆောင်ပါ။
၎။ ဆယ်ကျော်သက်ကောင်လေးတွေအတွက် အပျိုဖော်ဝင်ချိန်နှေးကွေးခြင်းကို ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ သိနားလည်သူတွေနဲ့ ကုသနိုင်ပါတယ်။
၅။ သင့်ကလေးက ၁၅ နှစ်အရွယ်တောင် ရောက်နေပြီး အပျိုပေါက်ဖြစ်လာတဲ့ လက္ခဏာတွေ မတွေ့ရဘူးဆိုရင်တော့ ဆရာဝန်ဆီ မဖြစ်မနေ ချဉ်းကပ်ရပါမယ်။
Credit :Trend Myanmar
