အပျိုဖော်ဝင်ခါစ မိန်းကလေးတွေအတွက် ရာသီလာတာ တကယ်ကြီးမားတဲ့ ပြသနာတစ်ရပ် ဖြစ်တတ်ပါတယ်။ ရာသီစလာပြီးတဲ့သူနဲ့ မလာသေးတဲ့သူတွေကြားမှာလည်း နှိုင်းယှဉ်မှုတွေ ရှိလာပါတယ်။ ဒီနေရာမှာ အပွင့်နောက်ကျသူများအတွက် ကိုယ်တစ်ယောက်တည်း ရာသီမလာသေးတဲ့ ကလေးတစ်ယောက်လို သီးခြားဖြစ်နေတာမျိုး ခံစားနိုင်ပါတယ်။ ဒါပေမယ့် ရာသီလာချိန်နောက်ကျတာဟာ ကောင်းတဲ့အချက်ဖြစ်တယ်လို့ သိရပါတယ်။ ဘာကြောင့်လဲ။
ပထမဆုံးရာသီလာချိန် အသက်အရွယ်နဲ့ ဓမ္မတာသွေးဆုံးချိန် အသက်အရွယ်က သင့်ကျန်းမာရေးကို အကြီးအကျယ် ခြားနားမှု ဖြစ်စေပါတယ်။ University of California San Diego School of Medicine က သုတေသီတွေရဲ့ လေ့လာမှုအသစ်တစ်ခုက အသက် ၂၁ ကျော် အမျိုးသမီး ၁၆,၀၀၀ ကို ခြေရာခံလေ့လာခဲ့ပြီး အသက် ၁၂ သို့မဟုတ် ထိုထက်နောက်ကျမှ ရာသီလာပြီး အသက် ၅၀ အရွယ် သို့မဟုတ် ထိုထက်နောက်ကျမှ သွေးဆုံးတဲ့ အမျိုးသမီးတွေ အသက် ၉၀ ထိ အသက်ရှင်နေထိုင်နိုင်ခြေပိုများကြောင်း ရှာဖွေတွေ့ရှိခဲ့ပါတယ်။
အသက် ၁၂ နှစ်ပြည့်ပြီးမှ ရာသီလာရင် နှလုံးရောဂါနဲ့ ဆီးချိုရောဂါအပါအဝင် ကျန်းမာရေးပြသနာတွေ ခံစားနိုင်ခြေပိုနည်းကြောင်း သိရပါတယ်။
Credit :Trend Myanmar
