ကိုယ့်အချစ်ဆုံးသူငယ်ချင်း၊ အခင်ရဆုံး သူငယ်ချင်းကို သူ့ချစ်သူ မကောင်းကြောင်း၊ သင်သူ့ကို နည်းနည်းမှ သဘောမကျကြောင်း ပြောဖို့ဆိုတာ ထင်သလောက်တော့ မလွယ်ပါဘူး။ ဒါကဘာနဲ့တူသလဲဆိုတော့ တစ်ဖက်လူရဲ့သွားမှာ သွားကြားတစ်ခုခုညပ်နေတာကို သင်က ထောက်ပြပြောဆိုရတာနဲ့ တူနေပါတယ်။ သင်က သူငယ်ချင်းကို တစ်ခုခုလွဲနေတဲ့အကြောင်းပြောပြီး ကူညီပေးချင်ပေမယ့် ဒါက အငြင်းပွားစရာ အခြေအနေတွေ ဖြစ်လာနိုင်ပါတယ်။ ဒီတော့ သူငယ်ချင်းကို သူ့ချစ်သူမကောင်းကြောင်းနဲ့ သင်သဘောမကျကြောင်း ပြောတော့မယ်ဆိုရင် သူငယ်ချင်းနဲ့လည်း အခင်အမင် မပျက်အောင်၊ ကိုယ်ပြောချင်တာကိုလည်း သူသေချာ သဘောပေါက်သွားအောင် ဒီအချက်ကလေးတွေအတိုင်း လုပ်ဆောင်ဖို့ လိုပါတယ်။
(၁) - မေးခွန်းလေးတွေ မေးပါ။
သင့်သူငယ်ချင်းကို သူ့စိတ်ထဲ ဘယ်လိုရှိနေမလဲဆိုတာ သေချာသိရအောင် မေးခွန်းလေးတွေ မေးပါ။ သူ့အချစ်ရေးအကြောင်းကို သင်မေးတဲ့အတွက် သူ မတွေးမိတဲ့ အရာတွေကိုလည်း တွေးမိသွားနိုင်ပါတယ်။ ဥပမာ တကယ်ပျော်ရဲ့လား၊ ရေရှည်သွားနိုင်မလားဆိုတာတွေကို မေးကြည့်ပါ။ မေးခွန်းမေးတဲ့အခါ မနှစ်မြို့တဲ့ပုံပေါ်လွင်တဲ့ မေးခွန်းမျိုးတွေ ရှောင်ပါ။
(၂) ဝေမျှပါ။
သင့်အနေနဲ့ သူ အရင်က ထားခဲ့ဖူးတဲ့ ချစ်သူအကြောင်းေ ပြာပြတာမျိုးဆိုရင် သူလည်း သူ့အကြောင်းတွေ သင့်ကို ဝေမျှပြောဆိုချင်လာပါလိမ့်မယ်။ သူမ ပွင့်ပွင့်လင်းလင်း ပြောထွက်လာအောင် သင်က လမ်းကြောင်းပေးပါ။
(၃) ဖိအားမပေးပါနဲ့။
သင့်အနေနဲ့ ဘာတွေဘယ်လိုဖြစ်ဖြစ် သူမဘက်က ရှိနေမယ်ဆိုတာမျိုးကို ပြောပေးပါ။ သူမ အဆင်ပြေသလားဆိုတာကို သင့်အနေနဲ့ သေချာအောင် မေးမြန်းတာမျိုး ဖြစ်တယ်ဆိုတာ သူမ သိပါစေ။ ဒါပေမယ့် စကားပြောဆိုတဲ့အခါ သူမကို ဖိအားမပေးပါနဲ့။
(၄) အဆုံးသတ်သင့် အဆုံးသတ်လိုက်ပါ။
သင်နဲ့ သင့်သူငယ်ချင်း ပြောဆိုတာတွေကို အဆုံးသတ်သင့်တယ်လို့ထင်ရင် အဆုံးသတ်လိုက်ပါ။ ထပ်ခါထပ်ခါ ပြောဆိုတာမျိုးတွေ၊ အတင်းအဖျင်း ပြန်ပြောတာမျိုးတွေ မလုပ်ပါနဲ့။ သူမ နဲ့ပြောဆိုတာကို အဆုံးသတ်ပြီးပြီဆိုတာနဲ့ သင့်စိတ်ထဲမှာလည်း အရမ်းကြီးတွေးမနေပါနဲ့။
(၅) သူမ ပြောချင်တဲ့အခါ သင့်ကို သတိရပါလိမ့်မယ်။
သူမအနေနဲ့ သူ့ချစ်သူအကြောင်း ရင်ဖွင့်ချင်လာပြီဆိုရင် သင့်ကို သတိရနေအောင် သင့်အနေနဲ့ လမ်းကြောင်းပြီးပါပြီ။ ဒီတော့ သူမတစ်ခုခု ရင်ဖွင့်ချင်တာနဲ့ သင့်ကို ပြေးမြင်လာပါလိမ့်မယ်။ ပြောဆိုလာပါလိမ့်မယ်။
(၆) သူမကို ဖေးမရင်း သင်ဟာ သူမကောင်းကျိုးကို မျှော်လင့်သူဖြစ်ကြောင်း သူမ သိပါစေ။
သူမ ရင်ဖွင့်လာတဲ့အခါတိုင်း သင်ပြောချင်တာတွေကို ထောက်ပြပြောဆိုပါ။ ဒါပေမယ့် သူမ နာကျင်အောင်တော့ မပြောပါနဲ့။ မသိမသာလေး ပြောဆိုလိုက်ပါ။ ဒါ့အပြင် သင်ဟာ သူမကို ပျော်စေချင်တဲ့အကြောင်း၊ တကယ်ကောင်းမွန်တဲ့ ချစ်သူနဲ့ အတူရှိဖို့သာ မျှော်လင့်ကြောင်း သူမသိအောင် ပြောပါ။
Credit :Trend Myanmar