အာသာပြင်းပြမှု ခုခံတွန်းလှန်ဖို့ အစာနှစ်ဆစား ပါသလား။ အစာစားလိုမှု လျော့နည်းစေမယ့် ထိရောက်တဲ့နည်းလမ်းတွေ ပြောပြပေးချင်ပါတယ်။
အာလူးပြုတ်
သင့်စားသောက်ဖွယ်စာရင်းမှာ အာလူးပြုတ် (အခွံမနွှာ) မလွဲမသွေ ရှိနေရပါမယ်။ ဒီအာလူးပြုတ်နဲ့အတူ အာဟာရဓာတ်ပါဝင်ပစ္စည်းကြွယ်ဝပြီး ကယ်လိုရီနည်းပါးတဲ့ ကောင်းမွန်တဲ့အစားအစာ ရရှိနိုင်ပြီး အချိန်ကြာကြာ တင်းသိမ်မှု ဖြစ်စေပါလိမ့်မယ်။
အဆီ
သင့်နေ့စဉ်ပုံမှန်အစားအစာကနေ အဆီတွေ ဖယ်ရှားသင့်ပါတယ်။ အသားလေးတစ်တုံးက သစ်သီး သို့မဟုတ် ဟင်းသီးဟင်းရွက်ထက် အာသာပြေစေပါလိမ်မယ့်။
လေ့ကျင့်ခန်းပြုလုပ်ခြင်း
ဒါ အထူးဆန်း ဖြစ်ချင်ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် လေ့ကျင့်ခန်းက အစာစားလိုစိတ် လျှော့နည်းစေနိုင်ပါတယ်။ အစပိုင်းမှာတော့ ဗိုက်ပိုဆာစေပေမယ့် ချွေးအတန်အသင့်ထွက်ပြီဆိုရင် ဇီဝဖြစ်စဉ်နှေးကွေးပြီး အာသာပြင်းပြမှု လျှော့နည်းစေပါလိမ့်မယ်။
ရှောက်ခါးသီးကြီး
ဒီအံ့မခန်းဖွယ်သစ်သီးက အဆီနဲ့ သွေးထဲ သကြားဓာတ်ပါဝင်မှု ပုံမှန်ဖြစ်စေပါတယ်။ နောက် ထမင်းစားတိုင်း လတ်လတ်ဆတ်ဆတ် ညှစ်ယူထားတဲ့ ရှောက်ခါးသီးကြီးဖျော်ရည် သုံးသူတွေဟာ သုံးလအတွင်း ၆ ပေါင်ကျစေကြောင်း လေ့လာမှုတွေက ဖော်ပြထားပါတယ်။
Credit :Trend Myanmar