7/30/2016

မုတ်သုံရာသီအတွင်း ဆံကေသာ အနံ့အသက်ထွက်မှု ကင်းဝေးစေမယ့် နည်းလမ်းတချို့



လူတွေဟာ ခန္ဓာကိုယ် အနံ့အသက် ကာကွယ်တားဆီးဖို့ တတ်နိုင်သမျှ ပြုလုပ်ကြသည့်အပြင် အဝတ်အစားနဲ့ အိမ်တွင်းကနေထွက်တဲ့ အနံ့အသက်တောင် ကြိုးစားဖုံးကွယ်ကြပါတယ်။ ဒါပေမယ့် ဆံပင်ကနေလည်း အနံ့အသက်ထွက်တတ်တာ သိပါသလား။ ဆံပင်နံစော်တာဟာ လူကို တကယ်အာရုံနောက်စေတတ်ပြီး အဲဒီ ပြင်းထန်တဲ့အနံ့အသက် ထွက်ခြင်းက Smelly Hair Syndrome ခေါ် စိုးရိမ်ရတဲ့ အခြေအနေ တစ်ခုခု ညွန်ပြပါတယ်။ ဆံကေသာကို ကျန်းမာသန်စွမ်းပြီး သင်းကြိုင်နေစေဖို့အတွက် မုတ်သုံရာသီအတွင်း အထူးဂရုစိုက်ပေးဖို့ တကယ်လိုအပ်ပါတယ်။

·         မကြာမကြာခေါင်းလျှော်ပေးခြင်းဖြင့် ဦးရေပြားသန့်ရှင်းအောင် ထိန်းသိမ်းပါ။ ပိုးသတ်ဆေး သို့မဟုတ် မှိုသတ်ဆေးတွေပါဝင်တဲ့ လျှော်ခေါင်းရည် အသုံးပြုပါ။ ဆံပင်စိုထိုင်းထိုင်းဖြစ်စေတဲ့ ခေါင်းလျှော်ရည်မျိုးကို ရှောင်ပါ။

·         ဆံကေသာကို အာဟာရဓာတ်ဖြည့်တင်းပေးဖို့အတွက် သန့်ရှင်းလတ်ဆတ်တဲ့ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်များစွာပါဝင်တဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ နေ့စဉ်အစားအစာတွေ စားသုံးပေးရပါမယ်။

·         ခန္ဓာကိုယ်အပူချိန်မြင့်တက်စေပြီး ဦးရေပြား အဆီပြန် ကပ်စေးကပ်စေးဖြစ်စေတတ်တာမို့ ကဖိန်းဓာတ်ပါဝင်တဲ့ သောက်စရာတွေကို ရှောင်ကြဉ်ပါ။

Credit :Trend Myanmar