မိန်းကလေး တစ်ယောက် အနေနဲ့ အိမ်နီးချင်း ကောင်လေး တစ်ယောက်ကို ချစ်သူ ရည်းစားအဖြစ် တွဲဖို့စဉ်းစားဖူးပါသလား၊ ဒါမှမဟုတ် တစ်အိမ်ကျော်က ကောင်လေးကို ကျိတ်ကြွေ နေဖူးပါသလား၊
သေချာတာကတော့ အိမ်နီးချင်း ကောင်လေးနဲ့ တွဲမယ်ဆိုရင် အဆင်ပြေတာ ရှားပါတယ်။ ဘာကြောင့်လဲဆိုတာကတော့ ရှင်းပါတယ်။ အိမ်နီးချင်းတွေ ဖြစ်နေလို့ပါ။
အိမ်နီးချင်းတစ်ယောက်နဲ့ ချစ်ကြိုက်သွားခဲ့ပြီ ဆိုပါစို့။ လမ်းထိပ်ထွက်ပြီး စာအုပ် ငှားရင်လည်း သူနဲ့ တွေ့နေပါမယ်။ သူငယ်ချင်းတွေ ကိုယ့်စီ လာလည်ရင်လည်း သူက တွေ့မြင်နေမှာပါ။ ကိုယ်ဘာလုပ်လုပ် သူမြင်နေ ၊ သူဘာလုပ်လုပ် ကိုယ်မြင်နေတဲ့ အခါမှာ ကြာရင် ရိုး လာတတ်ပါတယ်။ အိမ်ထောင်သည် မဟုတ်တဲ့ အပျို တစ်ယောက်အနေနဲ့ အဲဒီလို အနေအထိုင် ကျဉ်းကျပ်မှု မျိုးကို ရေရှည်မှာ သည်းခံနိုင်မယ် မထင်ပါဘူး။ ပြီးတော့ အဆင်မပြေတော့လို့ ပြတ်သွားခဲ့ရင်တောင် ရည်းစားဟောင်းက အိမ်နီးချင်း ဖြစ်နေတဲ့အတွက် အာရုံနောက်နေရဦးမှာပါ။
ဒါကြောင့် အိမ်နီးချင်း ကောင်လေးနဲ့ တွဲမယ်ဆိုတဲ့ ကောင်မလေးတွေအနေနဲ့ "There's No Place Like Home" ၊ "The Boy Next Door" စတဲ့ ဇာတ်လမ်းလေးတွေကို အရင်ဆုံး ကြည့်ရှုပြီး အိမ်နီးချင်း နဲ့ ချစ်သူ ဖြစ်ခြင်းက တဆင့် ထပ်မံ ဖြစ်ပေါ်လာမယ့် ဘေးထွက်ဆိုးကျိုးတွေကို လေ့လာထားသင့်ပါတယ်။
Ref:elitedaily
Credit :Trend Myanmar
