3/29/2016

ဇနီးမယားဓမ္မတာလာချိန်အတောအတွင်း လုပ်ပေးသင့်တဲ့အရာ(၅)မျိုး



ယောက်ျားမှာ ဆီး၊ မိန်းမမှာ မီး-ဆိုတဲ့ ဆိုရိုးစကားနဲ့အညီ အရွယ်ရောက်ပြီး မိန်းကလေးတိုင်းဟာ တစ်လတစ်ကြိမ် ပုံမှန် ဥတုသွေး ဆင်းပါတယ်။ အဲဒီလိုအခါမျိုးမှာ ဖြစ်လေ့ရှိတဲ့ အပြုအမူအပြောအဆိုလေးတွေဟာ သာမာန်အချိန်ထက် မလိုအပ်ပဲ စိတ်တိုနေတာ၊ ဒေါသဖြစ်နေတာမျိုးလေးတွေ ဖြစ်နိုင်လို့ ချစ်သူ
ကောင်လေးက လုပ်ပေးသင့်တာလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

1. နားလည်ခွင့်လွှတ်ပေးပါ။
သူမရဲ့ ဓမ္မတာလာချိန်မှာ ပြုတတ်တဲ့ အပြုအမူတွေကို ဗွေမယူပါနဲ့၊ ဖြစ်နိုင်သမျှ သနားသက်ညှာပေးပါ။ သူမဟာ ဒီအတောအတွင်းမှာ စိတ်အိုက်ပြီး ဒေါသထွက်လွယ်တာတွေ၊ ဆက်ဆက်ထိမခံဖြစ်တာမျိုးတွေ ရှိခဲ့ရင်ဒါ သူ့ရဲ့ ဓမ္မတာလာချိန်ပဲဆိုပြီး နားလည်ပေးပါ။

2. ကြင်နာသနားပါ။
သူမရဲ့ စကားတွေဟာ ဒီအချိန်မှာ ဦးတည်ရာမဲ့နေတာတွေ၊ မလိုအပ်ပဲ ရန်လိုနေတာမျိုးတွေ သင် ကြုံရတဲ့အခါ ဒေါသထွက်မယ့်အစား နဂိုထက် ပိုပြီး ကြင်နာပေးပါ။

3. သူမကြိုက်နှစ်သက်တဲ့အစားအစာတွေကို ၀ယ်ကျွေးပါ။
ဆက်ဆံရေး ကိုးလို့ကန့်လန့် ဖြစ်နေတယ်ဆိုရင်လည်း သင့်ဘက်က အပြုံးမပြတ် ချစ်သူကြိုက်နှစ်သက်တဲ့အစားအစာတွေကို ၀ယ်ကျွေးလိုက်ပါ။ ဓမ္မတာလာရက် ပြီးဆုံးတဲ့အခါမျိုးမှာ သူတို့တစ်တွေဟာ သူတို့ကြိုက်နှစ်သက်တဲ့ အစားအစာကို တောင့်တတတ်ပါတယ်။

4. ညပိုင်းမှာ သူလုပ်ချင်တာကို လုပ်ခွင့်ပေးလိုက်ပါ။
သူတို့တစ်တွေဟာ ဒီလိုရက်မျိုးမှာ အလုပ်ကနေ ပြန်လာရတဲ့အခါ အခြား ဘာမှကို မလုပ်ချင်လောက်အောင်မောဟိုက်ပင်ပန်း နေတတ်ပါတယ်။ ဒီတော့ အရသာရှိတဲ့ ညစာ၊ ဂိမ်း၊ ဗွီဒီယို၊ ပဟေဠိ စတာတွေကို လိုက်လိုက်လျှောလျှော လုပ်ပေးလိုက်ပါ။

5. သံဓာတ်အားတိုးဆေး
လိုအပ်ရင် ဒါတွေကိုလည်း ၀ယ်ပြီး ဆောင်ထားသင့်ပါတယ်။ ဒါတွေ ၀ယ်ရင် ကိုင်ရင် ဘုန်းနိမ့်တယ်ဆိုတဲ့အယူအစရှိနေရင် မိန်းမလည်း ယူမနေပါနဲ့တော့။ ဆိုတော့ ဓမ္မတာလာတဲ့ရက် နောက်ပိုင်းမှာ အမျိုးသမီးတွေ
အများစုဟာ သံဓာတ်ချို့တဲ့တတ်လို့ သံဓာတ်အားတိုးဆေးတွေ လိုအပ်ပါတယ်။

Source:ShweMOM