ရင့်ကျက်မှုကို လူတိုင်း မရနိုင်ပါဘူး။ မရနိုင်တဲ့ ရင့်ကျက်မှုကို ရထားတဲ့ သူတွေဟာလည်း တော်ရုံလူတွေ
မဟုတ်ကြပါဘူး။ နိုင်ငံရေးနယ်ပယ်မှာ၊ စီးပွားရေးနယ်ပယ်မှာ၊ အနုပညာနယ်ပယ်မှာ၊ လူမှုဆက်ဆံရေး
နယ်ပယ်မှာ စတဲ့ သက်ဆိုင်တဲ့ နယ်ပယ်အသီးသီးမှာ အောင်မြင်မှုတွေ ရထားသူတွေ ဖြစ်ပါတယ်။ ဒီတော့
ဒီလို ရင့်ကျက်မှုရထားသူတွေဟာ သာမာန်လူတွေ လုပ်တဲ့ အပြုအမူမျိုးကို မလုပ်ကြပါဘူး။ သူတို့တွေ
အထူး ရှောင်ကြဉ်ကြတဲ့ အပြုအမူတွေကို ဖော်ပြပေးလိုက်ပါတယ်။
1. သူများကို အပြစ်တင်တာ၊ ငြင်းခုန်တာ၊ ဆုံးဖြတ်တာတွေ မလုပ်ပါ။
သူတို့တစ်တွေဟာ သူတို့ရဲ့ ပင်ကိုယ်အရည်အသွေးကို ယုံကြည်သူများ ဖြစ်ပါတယ်။ သို့အတွက် သူများ
ကို အပြစ်တင်တာတွေ၊ စကားအရာ အနိုင်လုတာတွေ၊ ဆုံးဖြတ်တာတွေ လုပ်လေ့မရှိပါ။
2. ပြည့်ဝချင်ယောင်မဆောင်ဘူး။
ရင့်ကျက်သူဆိုပေမယ့်လည်း မတတ်တာတွေ၊ မသိတာတွေ၊ မတွေးတာတွေ၊ အများကြီး ရှိပါတယ်။ သူတို့
ဟာ သူတို့မတတ်တာကို မတတ်ဘူးလို့ ၀န်ခံပြီး၊ သူတို့ မသိတာတွေ၊ မတွေးနိုင်တာတွေအတွက်လည်း
မှန်ကန်တဲ့ အဖြေကို ပေးပါတယ်။
3. တစ်ခြားသူတွေသူတို့အပေါ်မှာ မြင်တဲ့အမြင်ကိုလည်း စိတ်ထဲမှာ မှတ်မထားဘူး။
တစ်ချို့က သူ့ကို အရူး-လို့ မြင်တယ်၊ တစ်ချို့က မကောင်းဆိုးဝါး-လို့ ဆဲတယ်။ အဲဒါတွေကို သူက ဂရုမစိုက်
ပါဘူး။ လက်စားမချေပါဘူး။ သူ လုပ်စရာရှိတဲ့ အလုပ်တွေကိုပဲ သူ လုပ်ပါတယ်။
4. မကောင်းမြင်ဝါဒကို ဦးတည်မှုမရှိဘူး။
ဘယ်လို ကိစ္စပဲလုပ်လုပ် အပြုသဘောမျိုးသာ ဆောင်ပါတယ်။ စကားဝိုင်းလိုနေရာမျိုးမှာလည်း မကောင်း
တဲ့ဘက်၊ အပျက်သဘောမျိုးဘက်ကို ဦးတည်စေနိုင်တဲ့ စကားမျိုးဆို ပြောလေ့မရှိပါဘူး။
5. အမြဲတမ်းမှန်ကန်တယ်လို့ မခံယူဘူး။
အယူအစတစ်ခုကို လူတစ်ယောက်က မှားယွင်းတယ်လို့ ပြောရင် သူ့အနေနဲ့ တကယ်လည်း မှားနေတယ်
ဆိုတာကို သိရင် လက်ခံပါတယ်။ တကယ်လို့ သူ့အယူအစက သူ့အတွက် မှန်ကန်နေပေမယ့် တစ်စုံတစ်
ယောက်က မှားယွင်းတယ်လို့ ပြောလာရင်လည်း သူက အေးအေးဆေးဆေးလက်ခံပါတယ်။ ဒါပေမယ့်
မှန်တယ်ထင်ရတဲ့ အယူစကိုတော့ မစွန့်လွှတ်ပါ။
6. ကြောက်ရွံတုန်လှုပ်ခြင်းကို မပြဘူး။
တစ်စုံတစ်ခု ဖြစ်လို့၊ တစ်ယောက်ယောက်က ခြိမ်းခြောက်လို့ စတဲ့ အခြေအနေမျိုးမှာ ကြောက်ရွံ့ခြင်း၊
တုန်လှုပ်ခြင်း မရှိပါဘူး။ အခြေအနေကို တည်တည်ငြိမ်ငြိမ်နဲ့ ရင်ဆိုင်တတ်ပါတယ်။
7. အခြေအနေကို ရှုပ်ထွေးအောင်မလုပ်ဘူး။
မသမာတဲ့သူတွေဟာ အသိဉာဏ်နည်းသူတွေ အခြေအနေတွေ ရောထွေးမှုရှိအောင်၊ အဖြေမှားယွင်း
မှုတွေ ဖြစ်အောင် ရှုပ်ထွေးတဲ့ အခြေအနေတွေကို ဖန်တီးကြပေမယ့် … သူတို့တစ်တွေကတော့ ဘယ်
အခြေအနေကိုပဲဖြစ်ဖြစ် ရှင်းရှင်းလင်းလင်း ဖြစ်အောင်လုပ်ပါတယ်။
8. ယုံကြည်မှုအထွဋ်အထိပ်ရောက်နေတယ်လို့ မခံယူဘူး။
သူတို့ဟာ သူတို့မှာ ဘာတွေ လိုအပ်နေတယ်၊ ဘယ်အရည်အချည်းတွေ ရှိသင့်သေးတယ်၊ ဘယ်ပညာ
ကို ဆက်ပြီး သင်ရဦးမယ်ဆိုတာကို အမြဲတမ်း စူးစမ်းလေ့ရှိပြီး လူတွေအမြင်မှာလည်း သူတို့ကို ယုံကြည်
မှုအထွဋ်အထိပ် ရောက်နေတယ်-လို့ မထင်စေချင်တဲ့ အရိပ်အယောင်မျိုး ပြကြပါတယ်။
9. မသိသေးတဲ့အကြောင်းအရာကို ရမ်းသမ်းပြီး လက်မခံဘူး။
သူတို့ မသိသေးတဲ့ အကြောင်းအရာ၊ မသိသေးတဲ့ ပြဿနာရပ်၊ မကျွမ်းကျင်တဲ့ အလုပ်ကိစ္စမျိုးဆိုရင်
ရမ်းသမ်းပြီး လက်မခံပါဘူး။ နောက် သူတို့စိတ်ထဲမှာ တကယ်ဆောင်ရွက်နိုင်ခြင်း မရှိလောက်တဲ့ ကိစ္စ
ရပ်တွေမှာလည်း ပါဝင်ပတ်သက်ခြင်း မရှိပါဘူး။
Source:ShweMOM
