4/23/2017

ကမ္ဘာအလှဆုံး တက္ကစီမယ်အဖြစ် ကျော်ကြားလာခဲ့တဲ့ ကောင်မလေး




ကမ္ဘာတစ်ဝှမ်း မြို့ကြီးတွေမှာ ပို့ဆောင်ရေးကုမ္မဏီတွေဟာ သူတို့ရဲ့ ကွန်ယက်တွေကို အများပြည်သူအတွက် ဖြန့်ကျက် ကာ ၀န်ဆောင်မှုတွေ ပေးနေကြပါတယ်။ အမေရိကန် မြို့ကြီးတွေမှာတာ့ Uber တက္ကစီဝန်ဆောင်မှုစနစ်ရှိပြီး၊ ကမ္ဘာပေါ် မှာတော့ အအောင်မြင်ဆုံး ပို့ဆောင်ရေးစနစ်တွေထဲမှာ ထိပ်တန်းက ရပ်တည်နေပါတယ်။





များသောအားဖြင့်တော့ တက္ကဆီဒရိုင်ဘာ အားလုံးနီးပါးဟာ အမျိုးသားတွေ ဖြစ်ကြပါတယ်။ အမျိုးသမီးတက္ကစီဆရာဆို တာကတော့ အတော်လေးကို မြင်ရခဲပါတယ်။ ပြင်သစ်နဲ့အင်္ဂလန်နိုင်ငံတွေမှာတော့ အမျိုးသမီးတက္ကစီဒရိုင်ဘာတွေ လ ည်း ပေါပေါလောလောရှိတယ်လို့ သိရပါတယ်။


အခု လူမှုကွန်ယက်ပေါ်မှာ Hot ဖြစ်နေတဲ့သူကတော့ ရှားရှားပါးပါး အမျိုးသမီး တက္ကစီဒရိုင်ဘာမလေးပါ။ သူမကတော့ ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့တော်ရှိ Uber Manila ကုမ္မဏီရဲ့လက်အောက်မှာ တာဝန်ထမ်းဆောင်နေသူဖြစ်ပါတယ်။ နာ မည်ကတော့ Joyce Tadeo ဖြစ်ပြီး၊ ဖိလစ်ပိုင်ရဲ့ဖတ်ရှင်မဂ္ဂဇင်းကြီးဖြစ်တဲ့ FHM မှာ အလှဆုံးအမျိုးသမီးအဖြစ် မကြာေ သးခင်ကမှ ဖော်ပြခံခဲ့ရပါတယ်။



Joyce ရဲ့ ပညာအရည်အချင်းကိုတော့ ပေါ့သေးသေး သွားမမှတ်ပါနဲ့။ စိတ်ပညာဘွဲ့ရပါ။ ဆေးဝါးကျွမ်းကျင်အသိအ မှတ်ပြုလက်မှတ်လည်း ပိုင်ဆိုင်ထားပြီး၊ ယခင်က ဆေးကုမ္မဏီတစ်ခုမှာ ကျွမ်းကျင်ကိုယ်စားလှယ်အဖြစ် တာဝန်ထမ်း ဆောင်ခဲ့သူ ဖြစ်ပါတယ်။ ဒီတက္ကဆီဒရိုင်ဘာအလုပ်ကို သူ့မရဲ့ အမျိုးသားသူငယ်ချင်းရဲ့ အကြံပေးမှုနဲ့ လျှောက်ထားခဲ့ သူလို့ သိရပါတယ်။



Joyce က ” ကျမက တစ်ခြားအမျိုးသမီးနဲ့ မတူပါဘူး … ပုံမှန်မဟုတ်တဲ့ မူဘောင်ထဲကနေ ခွဲထွက်ချင်သူပါ … ကျမသူ ငယ်ချင်းက ကားမောင်းရင်း ပိုက်ဆံအတော်စုမိဆောင်းမိ ဖြစ်နေတာကို အားကျတာလည်း ပါပါတယ် … လူတိုင်း ယာဉ်ေ ကြာကြပ်ပိတ်မှုကို သိပါတယ် … ဒါပေမယ့် တစ်ချို့က မိန်းကလေးတန်မဲ့ ဒီအလုပ်လုပ်တာကို ဝေဖန်ချင်ကြတယ်လေ … သူတို့ ပေါ့ပျက်ပျက်စကားက သူတို့အချိန်တွေကို ဖြုန်းတီးနေတာကျတော့ မသိကြပါဘူး “လို့ ပြောခဲ့ပါတယ်။


Joyce ရဲ့ ကားကို စီးမိကြတဲ့ ခရီးသည်တွေဟာ သူမရဲ့အလှကို အံ့သြလို့မဆုံးကြပါဘူး။ တကူးတက အမှတ်တရ ဓာတ် ပုံရိုက်ခွင့်တွေတောင် တောင်းကြပါတယ်တဲ့။ အခုဆိုရင် သူမမောင်းတဲ့ကားကို မတန်တဆဈေးနဲ့စီးဖို့အတွက် Book လု ပ်နေတဲ့သူတွေဟာ နေ့စဉ်နဲ့အမျှ တာဝန်ချိန်အပြည့် ဖြစ်စေပါတယ်။ ဒီအတွက် ငွေကြေးအမြောက်အများ ရပေမယ့် သူမ ယခင်ကထက်တော့ ပိုပင်ပန်းလာတယ်လို့ ဆိုပါတယ်။

နတ်စည်တော် (Shwemom)

www.shwemom.com မှကူးယူဖော်ပြသည်