9/15/2016

အသက် ၃၀ မကျော်ခင် လုပ်သင့်တဲ့ အရာများ



၁) လုပ်ငန်းတစ်ခု အတည်တကျ ရှိပါစေ

အသက် ၃၀ ဆိုတာ မိမိဘဝ သက်တမ်းရဲ့ ထက်ဝက်လောက် ဖြစ်နေပါပြီ။ တစ်ချို့ဆိုရင် အိမ်ထောင်ကျ သားတွေ သမီးတွေနဲ့ တောင် ရှိနေပြီ ဖြစ်တဲ့ အရွယ်ပါ။ ဒါကြောင့် လုပ်ငန်းတစ်ခုခု အတည်တကျဖြစ်အောင်
၃၀ မကျော်ခင် ကြိုးစားပါ။

၂) ကိုယ်ပိုင်အိမ် ပိုင်ဆိုင်နိုင်အောင် ကြိုးစား

အထူးသဖြင့် မြို့ပြ လူနေမူမှာ နေထိုင်တဲ့ သူများအဖို့ အိမ်ငှားခက ဈေးကြီးလွန်းလှပါတယ်။ အသက် ၃၀ မကျော်ခင်မှာ မိသားစု အတွက် အိမ်တစ်ထောင် ပိုင်ဆိုင်ထားနိုင်မှသာ ဘဝရှေ့ရေး အတွက် ကောင်းမွန်ပါလိမ့်မယ်။

၃) ၃၀ မကျော်ခင် အိမ်ထောင်ပြု

၃၀ မကျော်ခင် အိမ်ထောင်ပြုနိုင်ရင် အကောင်းဆုံးပါ။ ကျန်းမာရေး အနေနဲ့ ကြည့်ကြည့် အခြားသော ရှုထောင့်ကနေပဲ ကြည့်ကြည့် ၃၀ မကျော်ခင် အချိန်ဟာ အိမ်ထောင်ပြုဖို့ အကောင်းဆုံး အချိန်ပါ။

၎) မိဘကို လုပ်ကျွေးဖြစ်ပါစေ

မိမိက အသက် ၃၀ ဆိုရင် မိဘတွေက အတော်လေး ကြီးပါပြီ။ ဒါကြောင့် မိမိ အသက်မကြီးခင်မှာ မိမိကိုယ် ကျွေးမွေး ပြုစု စောင့်ရှောက်ပါ။

၅) အမှားများကို သင်ခန်းစာယူ

၃၀ မကျော်ခင်က လုပ်တဲ့ အမှားတွေကို အသက် ၃၀ ကျော်ရင် မလုပ်မိအောင် သင်ခန်းစာ ယူပါ။ အသက် အပိုင်းအခြားအရ ကြီးလာတာနဲ့ အမျှ အတွေးအခေါ် မြင့်မားလာအောင် မိမိကိုယ်ကိုယ် ဂရုစိုက်ပါ။


Team (ပစ်တိုင်းထောင်)
 Credit : Pyit Tine Htaung