လေ့လာတွေ့ရှိချက်တွေအရ အမျိုးသားတွေဟာ အမျိုးသမီးတွေရဲ့ လူမှုကွန်ယက်တွေပေါ်က အမိုက်စား selfieတွေနဲ့ ပတ်သက်ပြီး အယုံအကြ ည်မရှိကြပါဘူးတဲ့။ ဒါဟာ Connecticut တက္ကသိုလ်က လေ့လာတွေ့ရှိချက်ဖြစ်ပြီး အမျိုးသားတွေဟာ ဒီလို အမျိုးသမီးတစ်ဦးရဲ့ အမိုက်စား selfieကို ကြည့်ပြီး ဒီအမျိုးသမီးဟာ ယုံကြည်ရမယ့်သူ မဟုတ်ဘူးလို့ ထင်မြင်သွားတတ်ကြပါတယ်။
အဆိုးဆုံးကတော့ selfie ပုံတွေ နေ့တိုင်းရိုက်ပြီး နေ့တိုင်းပုံတင်နိုင်လွန်းသူတွေပါ။ သူတို့တွေကို အမျိုးသားတွေ ထင်တာက ရည်းစားရဖို့၊ တစ်ယောက်ယောက်နဲ့ အီစီကလီဖြစ်ဖို့ ပုံတွေတင်ပြီး အားထုတ်ကြိုးပမ်းနေသူတွေလို့ပါပဲတဲ့။
သုတေသီတွေက အမျိုးသားတွေကို အမျိုးသမီးတွေရဲ့ ဓာတ်ပုံတွေပြခဲ့ပါတယ်။ အဲ့ဒီမှာ သူတို့တွေအားလုံး တစ်ညီတည်း ပြောသွားတာက ဓာတ်ပုံထဲ မိတ်ကပ်တွေလိမ်း အလှတွေပြင်၊ ဆံပင်တွေဘာတွေကောက်ပြီး selfie ရိုက်တင်ထားသူတွေဟာ ယုံကြည်ရသူတွေ မဟုတ်လောက်ဘူး ဆိုတာပါပဲ။ selfie ချင်းတူပေမယ့် သဘာဝအတိုင်း အလွန်အက္ဈံကြီး ခြယ်သမထားပဲ ရိုက်ထားတဲ့ selfie ပုံပိုင်ရှင်တွေက ခုနအမျိုးသမီးတွေထက် ပိုယုံကြည်ရတယ်လို့ သူတို့ခံစားရကြောင်း ဖွင့်ဟ သွားပါတယ်။
Credit :Trend Myanmar