4/04/2016

သူ့ကို ချစ်သူအဖြစ် ရွေးချယ်ဖို့ မသင့်တော်ဘူးဆိုတာ သိသာစေတဲ့ အချက်များ





သင်စိတ်ဝင်စားနေတဲ့သူက နားလည်ရခက်တဲ့လူမျိုးလား။ ကိုယ့်ကိုချစ်သလို၊ ဂရုစိုက်သလိုလိုနဲ့ တစ်ခါတစ်လေ ပစ်ထားတတ်တဲ့လူမျိုးလား။ ချစ်သူအဖြစ် ရွေးသင့်၊ မရွေးသင့် ခေါင်းစားနေရပြီးလား။ ဒီအချက်လေးတွေကို ကြည့်ပြီး သူဟာ သင့်အတွက် Mr.Right Guy ဟုတ်မဟုတ် ဆုံးဖြတ်လိုက်ပါ။

၁။သူနဲ့ဆက်သွယ်ရတာ မလွယ်ကူဘူး။

တစ်မြို့တည်းနေပေမယ့် သူနဲ့အဆက်အသွယ်ရဖို့ ခက်ခဲတယ်။ မိန်းကလေးတစ်ယောက်အနေနဲ့ ကိုယ်ကစပြီး ယောင်္ကျားလေးကို ဆက်သွယ်ရမှာ မလွယ်ကူပါဘူး။ သူ့ဘက်က ဘာသံမှမကြားရလို့ ကိုယ်က စဆက်သွယ်ခဲ့မိရင်တောင် သူ့ဘက်က အဆင်မပြေသလို၊ အလုပ်ရှုပ်နေတာကိုပဲ နှောင့်ယှက်မိသလိုလို၊ အာရုံပဲ နောက်သွားသလိုလို ကိုယ့်ကို ပြန်ဆက်ဆံခံလိုက်ရရင်တော့ ဒီလိုလူမျိုးကို ချစ်သူအဖြစ်ရွေးချယ်ဖို့ လုံးဝမစဉ်းစားလိုက်ပါနဲ့။

၂။သူနဲ့တွေ့တိုင်း ကိုယ်ချည်းပဲ စားစရိတ်၊ သောက်စရိတ်တွေ ရှင်းနေရတယ်။

သူနဲ့စချိန်းကတည်းက ဒိတ်လုပ်ဖူးတဲ့ အချိန်တိုင်း ကိုယ်ချည်းပဲ ပိုက်ဆံစိုက်ထုတ်နေရတာမျိုးကလည်း တစ်ဖက်လူကို စာနာတဲ့သဘောရောက်ပေမယ့် တစ်ဖက်ကကြည့်ပြန်ရင်လည်း အစကတည်းက ဆက်တိုက် ဆိုသလို တစ်ယောက်တစ်ဝက်တောင် မဟုတ်ပဲ ကိုယ့်ချည်းပိုက်ဆံရှင်းနေရတာဟာ တကယ်တော့ ဘယ်လိုမှ အဆင်မပြေပါဘူး။ သင်က ငွေကြေးတတ်နိုင်သူဆိုရင်တောင် သူ့ဘက်က သင့်ကို အားနာသမှု၊ လေးစားသမှုမရှိတဲ့အပြင် မျက်နှာပြောင်တဲ့သဘော သက်ရောက်တာမို့ မစဉ်းစားသင့်တဲ့လူမျိုးပေါ့။

၃။ကိုယ်နဲ့ရှိနေချိန်သာ ကိုယ့်အပေါ်ကောင်းတတ်တယ်။

ကိုယ်နဲ့အတူ ဆုံချိန်ဆိုရင်တော့ ရွှန်းရွှန်းဝေအောင် ပြောဆိုတတ်သူဖြစ်ပေမယ့် ကိုယ်နဲ့အတူ မရှိတဲ့အချိန်ဆို ဘယ်ရောက်လို့ ရောက်နေမှန်းမသိအောင်ကို ပျောက်ချက်သား ကောင်းနေတတ်တယ်။ sms လေးတစ်ရက်တစ်ခါ ပို့ဖော်တောင် မရတဲ့သူဆိုရင်တော့ ဒါဟာ ပုံမှန်မဟုတ်တဲ့သူပဲပေါ့။ ဘယ်သူမဆို ကိုယ်စိတ်ဝင်စားတဲ့သူကို အနည်းဆုံး ဖုန်းလေးခေါ်တာ၊ sms လေးပို့တာ လုပ်တတ်ကြတယ်လေ။

၎။ပစ်စလတ်ခတ်နေချင်သလို နေတတ်တယ်။

ယောင်္ကျားလေးတွေဟာ သူတို့နေတဲ့ အခန်းကို သန့်ရှင်းနေအောင်တော့ ရှင်းလင်းမထားတတ်ကြပါဘူး။ ဒါကို နားလည်ရမှာဖြစ်ပေမယ့် သူကတော့ အခန်းမှာရော၊အိမ်မှာရော စားပြီးသားအမှိုက်တွေ မပစ်၊ အ၀တ်တွေပုံပြီး ပြန့်ကျဲ၊ အမှိုက်တွေနဲ့ ရှုပ်ရှုပ်ပွပွနေတတ်ရုံမက ကိုယ့်ကိုယ်တိုင်လည်း ဖြစ်ချင်သလိုဖြစ်၊ နေချင်သလိုနေမယ်ဆိုတဲ့ ယောင်္ကျားလေးမျိုးကတော့ သင့်ကို ဂရုစိုက်နွေးထွေးပေးနိုင်မယ့်သူ မဟုတ်ပါဘူး။

၅။ရည်းစားမဖြစ်ခင်ကတည်းက ချုပ်ချယ်လွန်နေတတ်တယ်။

ကိုယ်နဲ့သူနဲ့ ဘာမှတောင် မဟုတ်သေးဘူး။ ကိုယ့်ကိုဝေဖန်ပြောဆိုရုံသာမက အ၀တ်အစား၊ အနေအထိုင်စတာတွေကို ပြောဆိုချုပ်ချယ်တတ်တဲ့သူက ရည်းစားဖြစ်ပြီးနောက်ပိုင်း ဘယ်လောက်များ ကိုယ့်အပေါ် ပြောဆိုဆက်ဆံလိမ့်မလဲ ကြိုတွေးကြည့်လိုက်ပါဦး။

၆။ပြန်မပြော နားမထောင် လုပ်တတ်တယ်။

ကိုယ်နဲ့နှစ်ယောက်သား စကားတွေ ပြောကြတဲ့အခါ ဘယ်လိုအရာတွေတော့ ဘယ်လိုလုပ်သင့်တယ်ဆိုတာမျိုး ကိုယ်က အကြံပေးလိုက်ရင်ဖြင့် တစ်ခါမှ ဟင့်အင်းလို့ ပြန်ငြင်းလေ့မရှိပေမယ့် သူလုပ်ချင်မှလုပ်တယ်။ ကိုယ့်စကားကို တစ်ချက်မှကို အဖက်မလုပ်ဘူး။ ပြန်လည်း မပြောဘူး။ ဒီလိုလူမျိုးကလည်း ဝေါင်ဝေါင်ရှေးသင့်တဲ့ လူမျိုးပါပဲ။

Credit : trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...