11/01/2017
အွန်လိုင်းပေါ်မှာလူကြည့်များနေတဲ့ ဇာတ်ကားအသစ်
18+ Warning !!!
ရုန့်ရင်းကြမ်းတမ်းသော အပြုအမူများ … မိသားစုနားထောင်ရန်မသင့်လျော်သော ရိုင်းစိုင်းသည့် စကားအသုံးအနှုန်းများ ဖောဖောသီသီပါဝင်သည့် ” ညစ်ညမ်း ” ဇာတ်ကားတစ်ကားဖြစ်သည့်အတွက် အသက် ၁၈ နှစ်မပြည့်သေးသူများ ကြည့်ရှုရန်မသင့်လျော်ပါ ….
The Brick
Cast : Khant Ko Zin , Han Htoo Naing
Directed & Edited by ARGA
Assistant Director : Shwe La Wai
Camera Operator : Nay Ye
Production Assistant : Khai Pi
————————
သူ့မှာ အိမ်ထောင်ရှိမှန်းသိရက်နဲ့ ကျွန်မစိတ်အလိုလိုက်မိနေတယ် ဘယ်လိုလုပ်ရမလဲ ?
ကျွန်မက ရန်ကုန်မှာ အလုပ်လုပ်နေတဲ့သူ တစ်ယောက်ပါ။ ရည်းစားလည်း ထားခဲ့ဖူးပါတယ်။အခြေအနေ အကြောင်းကြောင်းကြောင့် မယူဖြစ်ခဲ့ကြပါဘူး။ အခုဆို သူက နယ်မှာ တစ်ခြား တစ်ယောက် တွေ့နေပြီလားတောင် မပြောတတ်ပါဘူး။ လေးနှစ်လောက် အဆက်အသွယ်မလုပ်တာမို့ အချိန်ကလည်း ကြာခဲ့ပါပြီ။
ကျွန်မက ရန်ကုန်ကဈေးကြီးတစ်ခုမှာ အလုပ်လုပ်ပါတယ်။ ကျွန်မတို့နဲ့ ဆိုင်နီးနားချင်းတွေနဲ့ ဒီလိုပဲ တစ်ယောက်နဲ့တစ်ယောက် စလိုက် နောက်လိုက် နေခဲ့ကြတာပါ။ ဒါပေမယ့် ဆိုင်ရှင်အမျိုးသားတစ်ယောက်က ကျွန်မအပေါ် မရိုးပါဘူး။ တစ်ခါတလေ သူက ကျွန်မကို လူတွေမသိခင်မှာ လက်ကိုင်တာတို့၊ ခါးဖက်တာတို့ လုပ်ပါတယ်။ ကျွန်မကလည်း ဘယ်လိုရယ်မသိ ငြင်းဆန်ခြင်း မပြုမိပါဘူး။
သာယာတဲ့စိတ်တောင် ခံစားရသလိုလိုပါ။ မဖြစ်သင့် မဖြစ်ထိုက်မှန်းလည်း သိပါတယ်။ ဘယ်လိုရှောင်လွှဲရမလဲဆိုတာ အကြံပေးပါဦး။
ဖြေ – အဓိကကတော့ စိတ်ပါဘဲ။ သာယာခြင်း၊ ပျော်ခြင်း၊ ၀မ်းနည်းခြင်း၊ ၀မ်းသာခြင်း စတဲ့ ခံစားမှုတွေဟာ စိတ်ကနေ ဖြစ်တာပါ။ တစ်ခုရှိတာက ကိုယ့်ကြောင့် တစ်ပါးသူရဲ့ အိမ်ထောင်ရေး မပြိုကွဲဖို့အတွက် စိတ်ကို အလိုလိုက်လို့ မရပါဘူး။ လူပျိုလူလွတ်ဆိုရင်တော့ ဒီလိုအချိန်က ကိစ္စမရှိပါဘူး။
နောက်ပြီး သင်က အဓိကဖြစ်နေပါတယ်။ ယောက်ျားဆိုတာကတော့ နည်းနည်းလေးရင်းနီးလာတာနဲ့ တို့ကနန်း ဆိတ်ကနန်းတော့ စ,ကြည့်မှာပါဘဲ။ ငြင်းဆန်ခြင်းမပြုတဲ့ မိန်းကလေးဆိုရင်တော့ သူတို့က အပိုင်သိမ်းသွင်းဖို့ ကြိုးစားမှာပါ။ အဲဒီအချိန်မှာ သူတို့စိတ်ထဲမှာ မယားကြီးတွေ၊ သားသမီးတွေမျက်နှာကို ထောက်ထားဖို့ စိတ်ကူးရှိကြသူတွေ မဟုတ်ပါဘူး။ ဒီတော့ သင် မရှောင်နိုင်ရင် အပြစ်နှစ်ခု ကျူးလွန်ရာ ရောက်ပါမယ်။
တစ်အချက်က တစ်ပါးသူရဲ့ အိမ်ထောင်ရေး ပြိုကွဲသွားနိုင်တယ်၊ နှစ်အချက်က သင်ဟာ မယားငယ်ဘ၀နဲ့ မိဘဆွေမျိုးသားချင်းတွေရဲ့ လက်ညှိုးထိုးတာကို ခံရနိုင်ပါတယ်။ ဒီတော့ စိတ်ကို အလိုမလိုက်ပဲ ရအောင် ရှောင်ပေတော့။
www.shwemom.com မှ ကူးယူဖော်ပြသည်။

